မိုးဗြဲတွင် အသက် မပြည့်​​သေးသည့် အရပ်သားပြည်သူ ၂ ဦးကို စစ်ကောင်စီသတ်ဖြတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးဗြဲတွင် အသက် မပြည့်​​သေးသည့် အရပ်သားပြည်သူ ၂ ဦးကို စစ်ကောင်စီသတ်ဖြတ်


ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ပွဲကုန်း (၁) ရပ်ကွက်နေ အသက် မပြည့်သေးသည့် အရပ်သားပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်များက ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ယနေ့ မတ်လ ၉ ရက်တွင် ထုတ်ပြန်သည်။

.

အဆိုပါ စစ်ကောင်စီတပ်၏ သတ်ဖြတ်ခဲ့ရသူ ၂ ဦးမှာ အသက် ၁၇ နှစ်အရွယ် မောင်သြဂစတင်း နှင့် အသက် ၁၀ နှစ်အရွယ် မောင်လားစရု တို့ ဖြစ်ပြီး မတ်လ ၆ ရက်တွင် စစ်ကောင်စီတပ်က လူနေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့တွင် မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်ကျေးရွာ၌ သေဆုံးနေသည့် ရုပ်အလောင်းကိုသာ ပြန်လည် တွေ့ရှိရခြင်း ဖြစ်သည်ဟု သိရသည်။

.

ပြည်သူများအနေဖြင့် နေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်အတွင်း စစ်ကောင်စီတပ်များ ရောက်ရှိလာပါက အချင်းချင်း အပြန်အလှန် သတင်းပေးကာ အတတ်နိုင်ဆုံး ရှောင်ထွက်ပေးရန်နှင့် အသက် မပြည့်သည့်ကလေးများ၊ အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်အား ပြင်းထန်စွာ ပြန်လည်ခုခံ တော်လှန်သွားမည်ဟု MBPDF က ထုတ်ပြန်သည်။

.

ထို့အတူ ပြည်သူများ၊ လူငယ်လူရွယ်များ အနေဖြင့် လက်ရှိ နယ်မြေမတည်ငြိမ်သေးသည့် ကာလအတွင်း၌ အစစအရာရာ သတိနှင့် အသိ ယှဉ်တွဲပြီး ဂရုစိုက်နေထိုင်ကြရန် တိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။

Journal Download

Photo of three cats