တောင်ကြီးမြို့၌ တစ်ပတ်အတွင်း အသက် မပြည့်သူများ အပါအဝင် လူငယ် ၂၀ ဦးထက် မနည်း ဖမ်းဆီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီးမြို့၌ တစ်ပတ်အတွင်း အသက် မပြည့်သူများ အပါအဝင် လူငယ် ၂၀ ဦးထက် မနည်း ဖမ်းဆီးခံရ


ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့၌ ယခု ရက်သတ္တပတ် တစ်ပတ်အတွင်း အသက် မပြည့်သူများ အပါအဝင် လူငယ် ၂၀ ဦးထက် မနည်း စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်ဟု သိရသည်။

.

“ တောင်ကြီး အထွေထွေသပိတ် စစ်ကြောင်းမှာ ဆန္ဒပြတုန်းက တက်ကြွစွာ ပါဝင်ဖူးတဲ့ လူငယ်ခေါင်းဆောင်တွေကို အဓိက လိုက်ဖမ်းနေတာ။ ဘယ်ကနေ ဘယ်လို သတင်းရပြီး အခုမှ လိုက်ပြီး ဖမ်းနေမှန်း မသိပေမယ့် လူငယ်တွေ အနေနဲ့ ဒီရက်ပိုင်း​ ရှောင်နေသင့်တယ်။” ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။

.

စစ်ဘေးရှောင်များအား ပရဟိတအဖွဲ့ တစ်ခုနှင့် ပူးပေါင်းပြီး ကူညီခဲ့ဖူးသူ အမျိုးသမီး တစ်ဦးကို ပြီးခဲ့သည့် မတ်လ ၂၂ ရက်၊ ညနေပိုင်းတွင် လည်းကောင်း၊ နောင်ထော်စစ်ဆေးရေးဂိတ်၌ အမျိုးသမီး ၃ ဦး၊ ကားသမား အပါအဝင် အမျိုးသား ၃ ဦး၊ စုစုပေါင်း ၆ ဦးတို့ကို မတ်လ ၂၄ ရက်တွင် လည်းကောင်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် တောင်ကြီးမြို့‌တွင် ယနေ့ နံနက်ပိုင်းထိ ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
" ဖမ်းဆီး ခံရသူတွေထဲမှာ အသက် မပြည့်သေးတဲ့ သူတွေလည်း ပါတယ်။ မနေ့ ညကတည်းက တောင်ကြီး တစ်မ်ြို့လုံးကို PNO နဲ့ စစ်ကောင်စီ ပေါင်းပြီး ကလေးတွကို ပိုက်စိပ်တိုက်ပြီး ရှာ ဖမ်းနေတာ။ " ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.

ဖမ်းဆီးခံရသူများအား လက်ရှိတွင် စစ်ကြောရေး ပြုလုပ်နေပြီး ယင်းစစ်ကြောရေး စာရွက်များ ကိုင်ဆောင်ကာ စစ်ကောင်စီက လူငယ်များကို လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူများအနက် အများစုမှာ ပရဟိတလူငယ်များ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats