တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ(၃)၊ သက်တန့်လမ်း၊ အိမ်အမှတ် (၃/၁၄၇)ရှိ နေအိမ်တစ်လုံး ယနေ့ မတ်လ ၂၁ ရက်၊ နံနက် ၁၀ နာရီခွဲခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
နေအိမ်တွင် လျှပ်စစ် ထမင်းပေါင်းအိုး တည်ထားစဉ် အပူ လွန်ကဲပြီး မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးသတ်တပ်ဖွဲ့နှင့် ပြည်သူများက ဝိုင်းဝန်း မီးငြိမ်းသတ်ပေးခဲ့ကြောင်း နှင့် ယင်း မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
.
ပြီးခဲ့သည့် ညပိုင်းကလည်း တောင်ကြီးမြို့၊ ပြည်ဝောာ်သာရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၃ ဦး မီးလောင် ဒဏ်ရာများ ရရှိ၍ သေဆုံးခဲ့ရသည်။