ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ မတ်လ ၁၀ ရက် နံနက်ပိုင်းတွင် ကရင်နီပူးပေါင်းတပ်က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲမှာ ၆ နာရီကြာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အကျအဆုံး ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးဘဲ စစ်ကောင်စီ ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်၍ ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် KNDF တပ်ဖွဲ့ဝင် အချို့ အသေးစား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNDF တပ်ရင်း(၃)က ယနေ့တွင် ထုတ်ပြန်သည်။
.
စစ်ကောင်စီတပ်ကို KNDF တပ်ရင်း(၃)၊ တပ်ရင်း(၇)၊ တပ်ရင်း(၁၁) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။