တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်ရှိ စည်ပင်ဝန်ထမ်း တစ်ဦး၏ နေအိမ်၌ ဖေဖော်ဝါရီလ ၂၈ ရက်၊ ည ၆ နာရီကျော်ခန့်က ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဗုံး ပေါက်ကွဲမှု ဖြစ်ပွားရာ နေအိမ်မှာ မြို့မဈေး တာဝန်ခံ ၏ နေအိမ် ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် နေအိမ်နှင့် ဆိုင်ကယ်တွင် ထိခိုက်ပျက်ဆီးမှု ရှိခဲ့သည်ဟု သိရသည်။
.
" အသံ အကျယ်ကြီးပဲ ကြားလိုက်ရတယ်။ လူတော့ အထိအခိုက် မရှိဘူးလို့ သိရတယ်။ ဈေးသူဈေးသားတွေ အပေါ် အမြတ်ထုတ် အခွန် အဓမ္မ ကောက်ခံနေလို့ ဗုံးခွဲခံရတာ ထင်ပါတယ်။ အရင်ကလည်း စည်ပင်ညွှန်မှူးအိမ် အခွဲ ခံရသေးတယ်။" ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
လက်ရှိတွင် စစ်ကောင်စီဘက်က တောင်ကြီးမြို့ပေါ်၌ စစ်ဆေး ရှာဖွေမှုများ ပြုလုပ်နေလျက် ရှိပြီး ယင်း ဖောက်ခွဲမှုအား မည်သည့် အဖွဲ့က လုပ်ဆောင်သည်ကိုမူ မသိရသေးပေ။
.
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်ကလည်း ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး၏ နေအိမ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။