တောင်ကြီးမြို့ရှိ ကမ္ဘောဇဘဏ်(၂)၏ ATM စက်အား တောင်ကြီးမြို့ ပြောက်ကျားတပ်ဖွဲ့ (TGF)က ယနေ့ မတ်လ ၁၅ ရက်၊ ည ၇ နာရီခန့်တွင် ဖောက်ခွဲမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
" ဗုံးနဲ့ ပစ်တာ။ ATM စက်တော့ ထိတယ်။ ပေါက်ကွဲပြီး ၁၅ မိနစ် လောက်နေတော့ စစ်ကောင်စီက အင်အား ၃၀ လောက်က အဲနားမှာ ပိတ် စစ်တယ်။ ဗုံးနဲ့ ပစ်တဲ့သူကို အနားမှာ ခြင်းခတ်နေတဲ့သူတွေက လိုက်ပြီး ဆွဲကြသေးတယ်၊ ကံကောင်းလို့ မိဝောာ့ မိ မသွားဘူး။ " ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။
.
ယင်းအခြေအနေနှင့် ပတ်သက်၍ နောင်တွင် mission အောင်မြင်ရေးကိုသာ အဓိကထား ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ထိခိုက်မိသူများ ရှိပါက ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း TGF က ထုတ်ပြန်ထားသည်။
.
ပြီးခဲ့သည့် မတ်လ ၄ ရက်၊ နေ့လယ်ပိုင်းကလည်း အောင်ပန်းမြို့ပြပြောက်ကျားတပ်စု(UTF-ABN) က အောင်ပန်းမြို့၌ စစ်ကောင်စီအား သတိပေးသော စာနှင့်အတူ အဝေးထိန်း ဗုံးတစ်လုံးကို စက္ကူပုံးအတွင်း ထည့်၍ ချထားခဲ့ရာ ပြည်သူတစ်ဦးမှ ယင်းစက္ကူပုံးအား ကောက်ယူသွားခဲ့သောကြောင့် သက်မဲ့ဗုံး အဖြစ် ပြောင်းလဲခဲ့ရသည်ဟု သိရသည်။