​မြန်မာဘီယာများနှင့် တင်ဆောင်လာသည့် ယာဉ်ကို ထုခွဲ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း YPDF အတည်ပြု ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

​မြန်မာဘီယာများနှင့် တင်ဆောင်လာသည့် ယာဉ်ကို ထုခွဲ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း YPDF အတည်ပြု ထုတ်ပြန်

 

အာဏာသိမ်း စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာများနှင့် တင်ဆောင်လာသည့် မော်တော်ယာဉ်ကို ထုခွဲ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ယ‌နေ့ ဖေဖော်ဝါရီလ ၂၅ ရက်တွင် အတည်ပြု ထုတ်ပြန်သည်။

.

YPDF သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ ညောင်ပင်ခွရွာ မြောက်ဘက်ရှိ လမ်းပိုင်း တစ်နေရာတွင် ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေပိုင်းက စစ်ကောင်စီ ထုတ်ကုန်ဖြစ်သော မြန်မာဘီယာများ တင်ဆောင်လာသည့် မော်တော်ယာဉ် နှင့် ယာဉ်ပေါ်ရှိ မြန်မာဘီယာများကို ထုခွဲ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။


အဆိုပါ စစ်ကောင်စီ ထုတ်ကုန်ဖြစ်သော မြန်မာဘီယာများ တင် ယာဉ်မောင်းနှင့် ၀န်ထမ်းများအား ထိခိုက် နာကျင်အောင် တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်း မရှိကြောင်းကိုလည်း YPDF က အသိပေး ထုတ်ပြန်ထားသည်။

.

ပြည်သူများအနေဖြင့် စစ်ကောင်စီ ထုတ်ကုန်များအား သုံးစွဲခြင်း မပြုဘဲ သပိတ်မှောက်ကြရန်နှင့် လုပ်ငန်းရှင်များ၊ စီးပွားရေး လုပ်ငန်းများ၊စားသောက်ဆိုင်များ အနေဖြင့်လည်း ဖက်ဆစ်ထုတ်ကုန်များအား ရောင်း၀ယ် သုံးစွဲခြင်း မပြုရန်ကိုလည်း မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Journal Download

Photo of three cats