ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ရှိ ပုဂ္ဂလိကချေးငွေရုံးအား ပြည်သူများထံမှ ချေးငွေများကို အတိုးရော၊ အရင်းပါ အတင်းအဓမ္မ ခြိမ်းခြောက်ကာ ကောက်ခံခြင်း မပြုရန် ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က ဖေဖော်ဝါရီလ ၈ ရက်၊ ညနေပိုင်းက ဗုံးခွဲ သတိပေးခဲ့သည်ဟု သိရသည်။
.
Pact Global Microfinance Fund ချေးငွေရုံးသည် စစ်ကောင်စီ၏ အကူအညီဖြင့်တောင်သူလယ်သမား ပြည်သူများထံမှ ချေးငွေများကို အတိုးရော၊ အရင်းပါ အတင်းအဓမ္မ ခြိမ်းခြောက်ကာ ကောက်ခံနေသောကြောင့် ယင်းလုပ်ရပ်ကို ချက်ချင်း ရပ်တန့်ရန် ဖေဖော်ဝါရီလ ၈ ရက်၊ ညနေ ၂ နာရီ၊ မိနစ် ၄၀ တွင် Pact ရုံးအားဗုံးခွဲ သတိပေးသည်ဟု YPDF က ထုတ်ပြန်သည်။
.
ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ကို အသုံးချကာ တောင်သူလယ်သမား ပြည်သူများအပေါ် ယင်းကဲ့သို့ ဆက်လက်၍ ဒုက္ခ ပေးနေဦးမည် ဆိုပါက လုံးဝ (လုံးဝ) ခွင့်လွှတ်ပေးမည် မဟုတ်ကြောင်းကိုလည်း YPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။