ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ လျှပ်စစ်ရုံးအား ပင်းတယ မြို့ပြပြောက်ကျား တပ်ဖွဲ့ (UGP)က ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်တွင် အသေးစား ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
.
စစ်ကောင်စီအလိုကျ ပြည်သူများအား မီတာခွန်များ အတင်းအဓမ္မ လိုက်ကောက်ခြင်း၊ မီးဖြတ်မည်ဟု ခြိမ်းခြောက်ခြင်းများကြောင့် ယခုကဲ့သို့ ဖောက်ခွဲ၍ သတိပေးခြင်း ဖြစ်ကြောင်းနှင့် စစ်ကောင်စီအလိုကျ အများပြည်သူများအား ခြိမ်းခြောက်ဖိနှိပ်မှုများ ဆက်လက် ပြုလုပ်နေပါက ထိရောက်စွာ အရေးယူမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ ပင်းတယ မြို့ပြပြောက်ကျား တပ်ဖွဲ့ (UGP)ကို ဖေဖော်ဝါရီလ ၉ ရက်တွင်ပင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။