ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း ဒေသကာကွယ်ရေးအဖွဲ့များ ဖြစ်သည့် ပင်းတယမြို့ပြပြောက်ကျားတပ်ဖွဲ့ (UGP) နှင့် ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)တို့ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် မဟာမိတ်ဖွဲ့ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
.
NUG မှ ချမှတ်ထားသည့် လမ်းစဥ်အတိုင်း သစ္စာအဓိဌာန် (၄)ချက်နဲ့အညီ အတူတကွ တိုက်ပွဲဝင်သွားမည် ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ရန် အတွက် မည်သည့်အဖွဲ့အစည်းနှင့်မဆို အတူတကွ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
UGP ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် လည်းကောင်း၊ YPDF ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင် လည်းကောင်း အသီးသီး ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။