ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူ့ရင်ခွင် ခိုလှုံ၍ CDM ပြုလုပ်လိုသော စစ်သားနှင့် ရဲများကို တောင်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)နှင့် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) တို့က ကမ်းလှမ်းကြောင်း ယနေ့ ဖေဖော်ဝါရီလ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
.
လက်နက်/ခဲယမ်းဖြင့် CDM ပြုလုပ်သူများကို တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းအထက် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဟုလည်း ဖော်ပြထားသည်။
.
ပြည်သူ့ရင်ခွင် ခိုလှုံ၍ CDM ပြုလုပ်လိုသူများအနေဖြင့် Taunggyi People Defense Force နှင့် Ye-Ngan Urban Guerrillas တို့၏ page messenger မှတစ်ဆင့် ဆက်သွယ်နိုင်သည်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။