ရှမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TAI PDF)ကို ဖွဲ့စည်း တည်ထောင် ပြီးစီးကြောင်း ယင်းအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
.
စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် အဆုံးတိုင် တိုက်ထုတ်သွားမည်၊ တိုင်းရင်းသား အားလုံး ပြည်သူအားလုံး လိုအပ်သော ဖက်ဒရယ်ဒီမိုကရေစီ လမ်းစဉ်ရောက်အောင် ဖော်ဆောင်သွားမည်၊ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်မည်ဟူသော ရည်ရွယ်ချက်များဖြင့် TAI PDF ကို ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အတူ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်နေသော မည်သည့်အဖွဲ့အစည်းနှင့် မဆို မဟာမိတ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကာ NUG ၊ CRPH တို့၏ လမ်းညွန် ဦးစီးမှုအောက်တွင် လိုက်နာ ဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထားသည်။