PNO နှင့် နောင်မွန် ပြည်သူ့စစ်အဖွဲ့များကို ရပခ ဒုတိုင်းမှူး တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆားနှင့် ငွေများ ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

PNO နှင့် နောင်မွန် ပြည်သူ့စစ်အဖွဲ့များကို ရပခ ဒုတိုင်းမှူး တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆားနှင့် ငွေများ ပေး

ရှမ်းပြည်နယ်တောင်ပိုင်းရှိ PNO အသွင်ပြောင်းဌာ‌နေပြည်သူ့စစ် အဖွဲ့နှင့် နောင်မွန်ပြည်သူ့စစ် အဖွဲ့တို့အား စစ်ကောင်စီ၏ ရပခ ဒုတိုင်းမှူး က တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆားနှင့် ငွေများ ပေးအပ်ခဲ့သည်ဟု သိရသည်။

.

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် အဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၍ ယင်းကဲ့သို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် တွေ့ဆုံပွဲတွင် မည်သည့် အကြောင်းအရာများ ပြောဆိုခဲ့သည်ကိုမူ မသိရပေ။

.

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်တွင်လည်း အဆိုပါ အဖွဲ့များကို ရပခ တိုင်းမှူး နှင့် အဖွဲ့ဝင်များက တောင်ကြီးမြို့ရှိ PNO ပြည်သူ့စစ်ရုံး၌ တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆားနှင့် ငွေများ ပေးအပ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော အဖွဲ့က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် PNO ပြည်သူ့စစ် အဖွဲ့အား အစားအသောက် ပစ္စည်းများ ထောက်ပံ့ ပေးအပ်ကာ လုံခြုံရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းအား ပြောဆိုခဲ့သည်။

Journal Download

Photo of three cats