ပြည်သူ့အင်အားစု (People’s Force) ၏ Sniper Team လေ့ကျင့်မှု ရုပ်သံမှတ်တမ်းကို ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ယင်းအဖွဲ့က ထုတ်ပြန် ပြသခဲ့သည်။
.
ရုပ်သံဖိုင်တွင် .338 Ruger Precision Rifle ၊ .308 Ruger Precision Rifle ၊ .17 Hornady Magnum Rimfire နှင့် Karen Engineering မှ ထုတ်လုပ်သည့် Sniper Rifle များ ပါဝင် ပြသထားပြီး .338 Ruger Precision Rifle ဖြင့် လူ ခန္ဓာကိုယ်အရွယ်အစား အတိုင်း တစ်ပေ ပတ်လည် ရှိ ပစ်မှတ်ကို မီတာ ၆၀၀ နှင့် မီတာ ၁၀၀၀ အကွာအဝေးမှ လေ့ကျင့်ပစ်ခတ် ပြသခဲ့ခြင်း ဖြစ်သည်။
.
.338 Ruger Precision Rifle သည် Sturm, Ruger & Co. မှ ၂၀၁၅ ခုနှစ်တွင် စတင် မိတ်ဆက်ခဲ့သည့် အမေရိကန်နိုင်ငံထုတ် bolt-action rifle အမျိုးအစား ဖြစ်ကာ professional သေနတ်သမားများ ကြားတွင် လူကြိုက်များသော သေနတ် ဖြစ်ကြောင်းနှင့် အသုံးပြုသည့် ကျည်အမျိုးအစားပေါ် မူတည် ၍ မီတာ ၅၀၀ မှ မီတာ ၂၀၀၀ ကျော် အထိ ပစ်ခတ်နိုင်စွမ်း ရှိကာ တင့်ကားများကိုပါ ဖျက်ဆီးနိုင်သည် အထိ အဖျက်စွမ်းရည် မြင့်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
Link - https://youtu.be/SJER6mPUz0k