ဖယ်ခုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF များ ဝင်တိုက်၊ လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဖယ်ခုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF များ ဝင်တိုက်၊ လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ


ဖယ်ခုံမြို့နယ်၊ လွယ်ပါသာ ဘုရားတောင်နှင့် ကုန်းဆုံ ဘုရားတောင်တို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF က မဟာမိတ်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊နည်းပညာလက်ရုံးတပ်တို့၏ အကူအညီဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်၊ နံနက် ၆ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု PDF ဖယ်ခုံက ထုတ်ပြန်သည်။

.

တိုက်ပွဲမှာ တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်၏ BA-100 ၊ MA-2 ၊ MA-3 ၃ လက် အပါအဝင် ကျည်နှင့် စစ်သုံးပစ္စည်း အချို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

.

ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅ ဦးထက် မနည်း သေဆုံး၍ အများအပြား ဒဏ်ရာရရှိခဲ့ပြီး ဖယ်ခုံ PDF မှ ၃ ဦး ဒဏ်ရာ ရရှိခဲ့ကာ တစ်ဦးမှာ စိုးရိမ်ရသဖြင့် ဆေးကုသမှု ခံယူနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Journal Download

Photo of three cats