မိုးဗြဲတိုက်ပွဲအတွင်း ပြည်သူပိုင် နေအိမ်များ မီးရှို့ဖျက်ဆီးခံရကြောင်း လွိုင်ကော် PDF ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးဗြဲတိုက်ပွဲအတွင်း ပြည်သူပိုင် နေအိမ်များ မီးရှို့ဖျက်ဆီးခံရကြောင်း လွိုင်ကော် PDF ထုတ်ပြန်


ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် -လွိုင်ကော် ( PDF Loikaw) က ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်သည်။


မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်ကျေးရွာ နှင့် ဝီတဲကူးကျေးရွာများရှိ ပြည်သူပိုင် နေအိမ်များကို ဖေဖော်ဝါရီလ ၁၈ ရက်၊ ၁၉ ရက်တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားခြင်းကို မှတ်တမ်းဓာတ်ပုံဖြင့် တကွ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


မိုးဗြဲ တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှ သေဆုံးမှု များပြားခဲ့သည့်အတွက် လေကြောင်း အပါအဝင် တင့်ကား၊ လက်နက်ကြီး ပစ်ကူများကိုပါ အသုံးပြု တိုက်ခိုက်ခဲ့သဖြင့် ပြည်သူများ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် အချို့လည်း ကျဆုံးခဲ့ရသည်။

Journal Download

Photo of three cats