ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်ရှိ စစ်ကောင်စီ တပ်စခန်းကို PDF Pekhon နှင့် ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက် အစောပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
တိုက်ပွဲအတွင်း စစ်ကောင်ဘက်က ဒဏ်ရာရ/သေဆုံးမှု များပြားနိုင်သော်လည်း အတိအကျ မသိရကြောင်းနှင့် PDF မှ တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု PDF Pekhon က ထုတ်ပြန်သည်။
.
စစ်ကောင်စီ တပ်များသည် ဖေဖော်ဝါရီလ ၁၅ ရက်ကတည်းက မိုးဗြဲမြို့တွင်း နေရာအနှံ့တွင် တပ်စွဲကာ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်၍ ထိုးစစ်ဆင်နေသဖြင့် ယမန်နေ့က မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို PDF ၊ KNDF BO-3၊ KGZ အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ရာ တိုက်ပွဲအတွင်း PDF မှ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး စစ်ကောင်စီဘက်မှ ဒဏ်ရာရ/သေဆုံးမှုကို အတိအကျ မသိရကြောင်း မိုးဗြဲ PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။
Link - https://youtu.be/J5X_X1h2IM0