ဖယ်ခုံမြို့နယ်၊ မိုးဗြဲတွင် စစ်ရေးအခြေအနေ တင်းမာလာခြင်းကြောင့် ပြည်သူများ လုံခြုံသည့် နေရာသို့ ရွှေ့ပြောင်းရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ယခု ဖေဖော်ဝါရီလ ၁၆ ရက်၊ နေ့လယ်ပိုင်းတွင် တိုက်တွန်းထားသည်။
.
ပြည်သူများ အနေဖြင့် လုံခြုံသည့် နေရာများသို့ ရွေ့ပြောင်းပေးကြရန်၊ ဘေးကင်း ခိုင်မာသည့်နေရာကို ရွေးချယ်ပြီး နေထိုင်ကြရန်၊ ဘုန်းကြီးကျောင်းများသို့ ရွေ့ပြောင်း နေထိုင်ကြရန်နှင့် လုံခြုံရေးကို ပထမ ဦးစားပေးအဆင့်တွင် ထားပြီး သင့်လျော်သလို ပြင်ဆင်နေထိုင်ကြရန် MBPDF က တိုက်တွန်းထားခြင်း ဖြစ်သည်။
.
လက်ရှိတွင် စစ်ကောင်စီတပ်က မိုးဗြဲမြို့ နေရာအများစုတွင် အင်အား အလုံးအရင်းဖြင့် နေရာယူ၊ စစ်ကြောင်း ထိုးနေလျက် ရှိသည်ဟုလည်း သိရသည်။