ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် အပတ်စဉ် (၄) သင်တန်းဆင်းပွဲကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် (ဗိုလ်ချုပ်မွေးနေ့)တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ သင်တန်းမှာ NUG အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တနင်္သာရီစစ်ဒေသခွဲ၊ ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်မတော် (T2 ဇုံ)၏ အပတ်စဉ် (၄) ဖြစ်ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခြင်း၊ တာဝန်ရှိ ပုဂ္ဂိုလ်များက အမှားစကား ပြောကြားခြင်း၊ ကျောင်းဆင်းကတိသစ္စာ ရွတ်ဆိုခြင်း၊ ချီတက် အလေးပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု ပုလော PDF က ထုတ်ပြန်သည်။