မွန်ပြည်နယ်အခြေစိုက် PDF ၃ ဖွဲ့ ပြည်သူများနှင့် တွေ့ဆုံ မိတ်ဆက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မွန်ပြည်နယ်အခြေစိုက် PDF ၃ ဖွဲ့ ပြည်သူများနှင့် တွေ့ဆုံ မိတ်ဆက်


မွန်ပြည်နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည့် MSRU၊ ရေးဘီလူး၊ YSTF စသည့် PDF ၃ ဖွဲ့သည် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်ထ နံနက်ပိုင်းက ပြည်သူများနှင့်တွေ့ဆုံ မိတ်ဆက်ခဲ့သည်ဟု မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအစည်းအရုံး ( MSRU )၏ ထုတ်ပြန်ချက်အရ သိရသည်။


PDF တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်ရင်းများ အနီးရှိ ရေးမြို့နယ်၊ စံပြကျေးရွာ ဝန်းကျင်၌ ပြည်သူများနှင့် တွေ့ဆုံ မိတ်ဆက်ခဲ့ကြခြင်း ဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ကြောင်း သင်္ကေတ ဖြစ်သည့် လက်သုံးချောင်း ထောင်ကာ တိုက်ရိုက်တွေ့ဆုံ မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

.

အဆိုပါ ပြည်သူများနှင့် တွေ့ဆုံ မိတ်ဆက်ခဲ့သည့် PDF ၃ ဖွဲ့သည် မဟာမိတ်တပ်ပေါင်းစုများ ဖြစ်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ၊ မြန်မာနိုင်ငံကလေးများနေ့တွင် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။





Journal Download

Photo of three cats