PDF နှင့် LDF များအတွက် ပြည်သူ့စစ်သား စစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ (PSPT)က လက်နက်များ ကိုယ်တိုင် ထုတ်လုပ် တပ်ဆင်ပေးနေပြီ ဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်သည်။
.
အဆိုပါ လက်နက် ရရှိသည့် တပ်ဖွဲ့ဝင်များသည် ပျော်ရွှင် အားတက်နေကြပြီး ပြည်သူများအတွက် တိုက်ပွဲဝင်ကြရန်လည်း အသင့်ဖြစ်နေကြပြီ ဖြစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြင်းပြထက်သန်သည့် စိတ်ဓာတ်များနှင့်အတူ လက်နက် ရရှိရေးသာ ပေါင်းစပ်နိုင်ပါက တော်လှန်ရေးခရီး မြန်မြန်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
.
လက်နက်ထုတ်လုပ်ရေး လုပ်ငန်းသည် စစ်မဟာဗျုဟာ အကောင်အထည် ဖော်ရေး၌ အလွန်အရေးကြီးသည့်အတွက် ပြည်သူများအနေဖြင့် ထောက်ပံ့ ကူညီပေးကြရန်ကိုလည်း PSPT က တောင်းဆိုထားသည်။