အာဏာသိမ်းစစ်ကောင်စီ လေတပ်မှ အရာရှိ တစ်ဦးသည် ဒီးမော့ဆို PDF နှင့် ဆက်သွယ်ကာ CDM ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
နေပြည်တော် အမှတ်(၄၅)ကင်းထောက် လေယာဉ်စခန်းမှ DSA အပတ်စဉ် (၅၀)၊ လေ - ၃၄၇၄ ဗိုလ်ကြီး ဇေသူအောင်သည် ဖေဖော်ဝါရီလ ၁၅ ရက်က ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO - Local PDF) ထံတွင် မိသားစုနှင့်အတူ CDM ပြုလုပ်လာခြင်း ဖြစ်ကြောင်း သိရသည်။
.
"အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရား ပြုလုပ်နေမှုများကို လက်မခံနိုင်၍ ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်ရန် အရဲစွန့်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းလာသော ဗိုလ်ကြီး ဇေသူအောင်နှင့် မိသားစုအား ကောင်းမွန်စွာ ကြိုဆိုလက်ခံပြီး လုံခြုံသည့် နေရာသို့ စီစဉ်ပေးခဲ့ပါသည်။" ဟု DMO - Local PDF ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ပြည်သူလူထုနှင့် တစ်သားထဲ ပူးပေါင်းပါဝင်လိုသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း DMO-Local PDF မှ နွေးထွေးစွာ ကြိုဆိုလက်ခံရန် အသင့်ရှိကြောင်း အသိပေး ထုတ်ပြန်ထားသည်ကို တွေ့ရသည်။