ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG)နှင့် တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ ဇန်နဝါရီလအတွင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒလန် ၂ ဦးကို သုတ်သင်ရှင်းလင်း၍ Mytel တာဝါတိုင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်သည်။
.
ရွာငံမြို့၊ ကွက်သစ်ရပ်ကွက်နေ ဒလန်အကြီးစားဆိုသူ ဖြိုးလေးကို ဇန်နဝါရီလ ၈ ရက်တွင် လည်းကောင်း၊ ပင်းတယမြို့နယ်၊ ပန်းစစ်ကျေးရွာနေ စစ်ကောင်စီခန့် ရပ်ကျေးစာရေး ဒလန်အကြီးစားဆိုသူ ကျော်ဝင်းကို ဇန်နဝါရီလ ၂၅ ရက်တွင် လည်းကောင်း သုတ်သင်ရှင်းလင်း၍ ရွာငံမြို့နယ်၊ ပိန္နဲကုန်းရွာနှင့် ညောင်အိုင်ရွာကြားရှိ Mytel တာဝါတိုင်ကို ဇန်နဝါရီလ ၃၁ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အတူ ရှမ်းတောင်ရှိ ပြည်သူများ အနေဖြင့် စစ်အာဏာရှင် အမြန်ကျဆုံးစေရေးအတွက် စွမ်းဆောင်နိုင်သည့်ဘက်မှ ကူညီပေးရန် မေတ္တာရပ်ခံကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။