တောင်ကြီးမြို့ Mytel ရုံးအတွင်းသို့ ဗုံး ၅ လုံး ပစ်ထည့်ခဲ့ကြောင်းနှင့် စစ်ကောင်စီ၏ နေရာများကို ရှောင်ရှားရန် TPDF-TGF ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ Mytel ရုံးအတွင်းသို့ ဗုံး ၅ လုံး ပစ်ထည့်ခဲ့ကြောင်းနှင့် စစ်ကောင်စီ၏ နေရာများကို ရှောင်ရှားရန် TPDF-TGF ထုတ်ပြန်


တောင်ကြီးမြို့ရှိ Mytel ရုံး အတွင်းသို့ ဗုံး ၅ လုံး ပစ်ထည့်ခဲ့ကြောင်းနှင့် ပြည်သူများ အနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် နေရာများကို ရှောင်ရှား သွားလာကြရန် တောင်ကြီးမြို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် တောင်ကြီးမြို့ ပြောက်ကျားတပ်ဖွဲ့(TGF) တို့က ယနေ့ ဖေဖော်ဝါရီလ ၃ ရက်တွင် ထုတ်ပြန်သည်။

.

TPDF နှင့် TGF တို့အနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်တွင် Mytel ရုံးအတွင်းသို့ ဗုံး ၅ လုံး ပစ်ထည့်ခဲ့သည့်အပြင် ဇန်နဝါရီလ ၃၁ ရက်တွင် ကံကြီးရပ်ကွက်၊ ရထားသံလမ်း အနီးရှိ စစ်ကောင်စီဂိတ်အား ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

ထို့အတူ ဇန်နဝါရီလ ၁၃ ရက်တွင် မြကန်သာအဝိုင်း အနီးတွင် လည်းကောင်း၊ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်တွင် လျှပ်စစ်ရုံးတွင်လည်းကောင်း ဗုံး‌ ထောင်/ပစ်ထည့် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက် ဒဏ်ရာ ရမှုများ ရှိခဲ့သည်ဟု ထုတ်ချက်တွင် ဖော်ပြထားသည်။

.

ပြည်သူများ အနေဖြင့် မသင်္ကာဖွယ်ရာ ပစ္စည်းများကို မကိုင်တွယ်ကြရန်၊ စစ်ကောင်စီနှင့် ပတ်သက်သည့် လုပ်ငန်း (ကုမ္ပဏီ)များ၊ ရုံးနေရာများကို ရှောင်ရှား သွားလာကြရန် အထူးသတိပေးကြောင်းနှင့် ယခင်ကကဲ့သို့ ပေါ့ပေါ့ဆဆ သွားလာခြင်း မပြုရန် စစ်ကောင်စီ တပ်သားများ အနီးတွင် မနေဘဲ တတ်နိုင်သမျှ ရှောင်နေကြရန်နှင့် CCTV များကို လမ်းမဘက်သို့ လှည့်မထားရန် ထုတ်ပြန်ချက်တွင် မေတ္တာရပ်ခံထားသည်။

Journal Download

Photo of three cats