MNDAA တည်ထောင်သူ ဦးဖုန်ကြားရှင် ကွယ်လွန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

MNDAA တည်ထောင်သူ ဦးဖုန်ကြားရှင် ကွယ်လွန်


ကိုးကန့်တပ်ဖွဲ့ဟု လူသိများသော မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ( MNDAA ) တည်ထောင်သူ ဖြစ်သည့် ဥက္ကဋ္ဌဟောင်း ဦးဖုန်ကြားရှင်သည် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

.

ဦးဖုန်ကြားရှင်သည် ၉၆ ပါးသော ရောဂါဖြင့် နေအိမ်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ် ရှိပြီ ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

.

ဦးဖုန်ကြားရှင် ကွယ်လွန်သွားခြင်းသည် ကိုးကန့်တိုင်းရင်းသား လွတ်မြောက်ရေး လုပ်ငန်း၊ ကိုးကန့်တိုင်းရင်းသား၊ မြန်မာပြည်ဖွား တရုတ်လူမျိုးများနှင့် MNDAA အတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှု ဖြစ်သောကြောင့် လွန်စွာဝမ်းနည်းမိကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats