မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီတပ်တို့ အထူးဒေသ(၁)၊ မူပန်ခရိုင် ဖေဖော်ဝါရီလ ၁၃ ရက်၊ ညနေပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဘက် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု သိရသည်။
.
မူပန်ခရိုင်၊ လုံဂျီအရှေ့ဘက်ခြမ်း၌ စစ်ကောင်စီတပ်နှင့် MNDAA တပ်မဟာ (၂၁၁) တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း MNDAA မှ ၁ ဦး ကျဆုံး၍ ၁ ဦး ဒဏ်ရာ ရရှိခဲ့ကာ စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးခဲ့သည်ဟု The Kokang က ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်းတွင် MNDAA တပ်မဟာ (၂၁၁) ၏ ခံစစ်နေရာများကို ဗုံးကြဲရန် တိုက်လေယာဉ်များ စေလွှတ်ခဲ့သည့် အပြင် ဖေဖော်ဝါရီလ ၁၄ ရက်တွင်လည်း MNDAA ထိန်းချုပ်နယ်မြေ မန်ရန်တပ်စခန်းနှင့် ရှိကျိကျတောင်ကုန်း နယ်မြေသို့ ကျည်အမျိုးမျိုး အသုံးပြု၍ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။