စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှ Myaung Bo Tauk Tun (MBTT) Special Force Army အဖွဲ့၏ (၁၂) ကြိမ်မြောက် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ ပြီးမြောက်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သတင်းပြန်ကြားရေးက ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထုတ်ပြန်သည်။
သင်တန်းဆင်းပွဲတွင် MRA အဖွဲ့ ခေါင်းဆောင်ဗိုလ်စိန်ကျော်နှင့် မြို့နယ်(ပကဖ)အဖွဲ့ဝင် တာဝန်ခံများက မိန့်ခွန်း ပြောကြားခြင်း၊ ဆု ရရှိသူ သင်တန်းသား ၂ ဦးအား ဆုပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
.
အဆိုပါ သင်တန်းဆင်းပွဲသို့ တက်ရောက်ပေးကြသော တော်လှန်ရေးခေါင်းဆောင်များ၊ တော်လှန်ရေးအင်အားစုများနှင့် မိဘပြည်သူညီအစ်ကို မောင်နှမများအား ကျေးဇူး အထူး တင်ရှိကြောင်းလည်း MBTT က ထုတ်ပြန်ထားသည်။