ဖေဖော်ဝါရီ ပထမပတ် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုများ ရှိသည်ဟု KNDF ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖေဖော်ဝါရီ ပထမပတ် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုများ ရှိသည်ဟု KNDF ထုတ်ပြန်


ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း၌ ယခု ဖေဖော်ဝါရီလ ပထမပတ်အတွင်း KA၊ KNDF ၊ ဖယ်ခုံ PDF ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများ ရှိသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့တွင် ထုတ်ပြန်သည်။

.

ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်တွင် KA၊ KNDF နှင့် ဖယ်ခုံ PDF တို့က လွိုင်ကော်မြို့နယ်၊ လင်ဖုံလင်းလမ်းခွဲ၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ၂ ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၉ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ထုတ်ပြန်သည်။

.

ထို့အတူ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေးရွာအနီး၌ ဖေဖော်ဝါရီလ ၄ ရက်၊ နံနက် ၅ နာရီခွဲတွင် စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်ကို KA နှင့် KNDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့‌ကြောင်းနှင့် ယင်းနေ့ ညနေ ၂ နာရီ ၁၀ မိနစ်ခန့်တွင် လွိုင်ကော်မြို့နယ်၊ ထီရီကျေးရွာတောင်ပေါ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့က ဆက်လက် တိုက်ခိုက်ခဲ့ရာ ၁ နာရီခွဲခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့‌ပြီး စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံး၍ အများအပြား ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

.

အဆိုပါ တိုက်ပွဲများတွင် KA၊ KNDF ၊ ဖယ်ခုံ PDF ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အချို့ အသေးစား ထိခိုက် ဒဏ်ရာရမှုမှ လွဲများ ကြီးကြီးမားမား ထိခိုက်မှု မရှိကြောင်းကိုလည်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats