ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁၄)၏ ဒုတိယအကြိမ် သင်တန်းဆင်းပွဲကို ယနေ့ ဖေဖော်ဝါရီလ ၇ ရက်တွင် ပြုလုပ်ခဲ့သည်ဟု KNDF B14၏ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ သင်တန်းဆင်းပွဲကို Karenni Army- KA ၊ Karenni State Police- KSP နှင့် KNDF တပ်ဖွဲဝင်များ တက်ရောက်ခဲ့ကြပြီး KNDF ၏ တပ်ရင်း(၁၄) အနေဖြင့် ပြည်သူများနှင့်အတူ တသွေးတသားတည်း ရပ်တည်ကာ စစ်အာဏာရှင်မှန်သမျှ အမြစ်ပြတ် ချေမှုန်းသွားနိုင်ရန်အတွက် စဥ်ဆက်မပျက် ပြုလုပ်သွားမည်ဟုလည်း KNDF B14 က ထုတ်ပြန်ထားသည်။