ကရင်နီ (ကယား) ပြည်နယ်၌ ပြည်သူ့အုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်းထိ မြင့်တက်လာဟု KNDF ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကရင်နီ (ကယား) ပြည်နယ်၌ ပြည်သူ့အုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်းထိ မြင့်တက်လာဟု KNDF ထုတ်ပြန်

ကရင်နီ (ကယား) ပြည်နယ်၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေးသည် ၉၀ ရာခိုင်နှုန်းအထိ ရပ်တန့်သွားပြီး ပြည်သူ့အုပ်ချုပ်ရေး၊ ကရင်နီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ စိုးမိုးအုပ်ချုပ်ထားနိုင်မှုမှာ ၉၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့သည်ဟု ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF )က ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံချက်အရ သိရသည်။

.

ပြည်နယ် အဝင်/အထွက် လမ်းကြောင်း အားလုံးနီးပါးကို ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်သည့်အတွက် စစ်ကောင်စီမှ လက်နက်နှင့် ရိက္ခာကို ထောက်ပို့လေယာဉ်ဖြင့်သာ အသုံးပြုနေရကြောင်းနှင့် ကျေးရွာပေါင်း ၇၀၀ ကျော် ရှိသည့်အနက် စစ်ဘေးရှောင်နေရသော ကျေးရွာများမှအပ လက်ရှိတွင် ကျေးရွာပေါင်း ၄၀၀ ခန့်တွင် စာသင်ကျောင်းများ၊ ဆေးပေးခန်းများကို ပြည်သူလူထု ကိုယ်တိုင် ကိုယ်ထူကိုယ်ထ စီမံအုပ်ချုပ်မှုဖြင့် လည်ပတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNDF တွင် တပ်ရင်းပေါင်း (--) ရင်း၊ တပ်ဖွဲ့ဝင်ပေါင်း (----) ဦးကျော် ရှိပြီ ဖြစ်ကာ တိုက်ပွဲပေါင်း ၁၀၀ ကျော်တွင် စစ်ကောင်စီ၏ လက်နက်/ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည့်အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄၄၀ ဦးကျော် သေဆုံး၍ KNDF ဘက်မှ ၂၀ ဦး ထိခိုက်ကျဆုံးခဲ့ကြောင်းနှင့် ကရင်နီတပ်မတော် (KA) ၏ စစ်ဦးစီးမှုအောက်တွင် အခြား PDF များ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ချိတ်ဆက်ကာ တိုက်ပွဲများ ဖော်ဆောင်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


ထို့အပြင် CDM ရဲတပ်ဖွဲ့ဝင် အင်အား ၂၅၀ ဖြင့်လည်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) က ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ပြည်နယ်လုံခြုံရေး စတင် လုပ်ဆောင်နေပြီ ဖြစ်ကာ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး အပြစ်မဲ့ပြည်သူ ၄၃ ဦး အစုလိုက်အပြုံလိုက် မီးရှို့ အသတ်ခံရမှု အပါအဝင် အခြားအမှု ၄ ခုအား နိုင်ငံတကာ တရားရုံးတွင် အမှုဖွင့် အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိသည်ဟုလည်း ဖော်ပြပါရှိသည်။



Journal Download

Photo of three cats