ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့ရှိ စစ်ကောင်စီ စခန်းနှစ်ခုကို ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တို့ ပူးပေါင်းပြီး ယနေ့ ဖေဖော်ဝါရီလ ၃ ရက်၊ နံနက်ပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
.
မိုးညှင်းမြို့နယ်၊ မော်ဟန် ရဲစခန်းနှင့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဥရုချောင်းတစ်ဖက်ကမ်း ဂျာရာယန်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက် ၃ နာရီကျော်တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
.
မော်ဟန်ရဲစခန်း တိုက်ခိုက်မှုတွင် ရဲ ၂ ဦး သေဆုံး ခဲ့ပြီး လက်နက်/ခဲယမ်းများကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းယူနိုင်ခဲ့ကာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများက ရေးသားထားသည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်၊ နံနက်တွင်လည်း ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကိုလည်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက် သိမ်းယူခဲ့သည်ဟု ပူတာအို PDF က ထုတ်ပြန်ထားသည်။