Karenni Generation Z Army က အင်အား ဖြည့်သည့် အနေဖြင့် တပ်မဟာ တစ်ခုကို ထပ်မံ ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
.
" ကရင်နီ (KGZ) Army အင်အားဖြည့် တပ်မဟာ (၅) ကို ထပ်မံ ဖွဲ့စည်းနိုင်ခဲ့ပါပြီ" ဟု ဖြစ်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်က Karenni Generation Z က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
Karenni Generation Z (KGZ) Volunteer Fighter "ပရဟိတတိုက်ခိုက်ရေးတပ်ဖွဲ့" ကို ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ လက်ရှိတွင် ကရင်နီ (ကယား)ပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီကို အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အတူ ခုခံတော်လှန်နေလျက် ရှိကြောင်းလည်း ၎င်းအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။