မုံရွာခရိုင်တပ်ရင်း - ၂ (Chindwin Attack Force) ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ နှင့် ယင်းမာပင် PDF အဖွဲ့ တို့ ပူးပေါင်းကာ ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက်က ယင်းမာပင်မြို့နယ်ရှိ စုပေါင်းရုံးနှင့် ရဲစခန်းကို Drone ၌ EYC ဗုံးများ တပ်ဆင်၍ ပစ်ချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
.
ပူးပေါင်းအဖွဲ့သည် ယင်းကဲ့သို့ EYC ဗုံးများ တပ်ဆင်၍ စုပေါင်းရုံးနှင့် ရဲစခန်းကို ပစ်ချတိုက်ခိုက်ခဲ့သည့်အပြင် ဖေဖော်ဝါရီလ ၁၂ ရက်တွင် အဝေးပစ် လက်နက်ကြီးများဖြင့် အချက်ရေ ၄၀ ကျော်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် အချက်ရေ ၃၀ ကျော်၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် အချက်ရေ ၅၀ ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။
.
အဆိုပါ ပစ်ချတိုက်ခိုက်မှု ပြုလုပ်ခဲ့သည် နေရာတွင် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့ဝင် ၁၀၀ ထက် မနည်း တပ်စွဲထားကြောင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၃၀ ဦးထက် မနည်း ထိခိုက်ကျဆုံးမှုများ ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
Link - https://youtu.be/5ax0t2FbQ4g