တောင်ကြီးမြို့နယ်၌ ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် COVID-19 ပိုး ရှိသူ ကျောင်းသူ/သား ၁၁ ဦး အပါအဝင် ၅၈ ဦး ထပ်မံ တွေ့ရှိခဲ့သည်ဟု သိရသည်။
.
အဆိုပါ COVID-19 ပိုး တွေ့ရှိသူများမှာ တောင်ကြီး အထက(၁)မှ ကျောင်းသူ/သား ၁၁ ဦး၊ မင်္ဂလာဦးရပ်ကွက်ရှိ ထွေအုပ်ဝန်ထမ်းအိမ်ရာမှ ၁၃ ဦး၊ အေးသာယာမြို့မှ ၃၃ ဦး၊ ပိုးတွေ့လူနာထိစပ် ၁ ဦးတို့ ဖြစ်ပြီး ပိုးတွေ့ ရာခိုင်နှုန်းမှာ ၇ ဒသမ ၅၁ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် တောင်ကြီးမြို့ရှိ PHL(Taunggyi)၌ PCR ဖြင့် စစ်ဆေးသည့် ဓါတ်ခွဲနမူနာများအနက်ဟိုပုံးမြို့နယ်မှ ၃၀ ဦး၊ ပင်းတယမြို့နယ်မှ ၉ ဦး၊ မိုင်းပန်မြို့နယ်မှ ၃ ဦး၊ မိုးနဲမြို့နယ်မှ ၁ ဦးတို့တွင်လည်း COVID-19 ပိုး တွေ့ရှိခဲ့ပြီး ပိုးတွေ့ ရာခိုင်နှုန်းမှာ ၂၀ ဒသမ ၉၈ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။