တောင်ကြီးမြို့၌ ရက်သတ္တပတ် တစ်ပတ်အတွင်း COVID-19 ပိုး ရှိသူ စုစုပေါင်း ၄၆၇ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ၃၉ ဦး၊ ၁၉ ရက်နေ့တွင် ၁၂၈ ဦး၊ ၁၈ ရက်နေ့တွင် ၆၆ ဦး၊ ၁၇ ရက်နေ့တွင် ၁၀၆ ဦး၊ ၁၆ ရက်နေ့တွင် ၈၈ ဦး၊ ၁၅ ရက်နေ့တွင် ၂၃ ဦး၊ ၁၄ ရက်နေ့တွင် ၁၇ ဦး စသည်ဖြင့် အသီးသီး တွေ့ရှိခဲ့သည်ဟု စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကာ မြေပြင် အခြေအနေမှာ ယခုထက် ပိုမို များပြားနိုင်ဖွယ် ရှိကြောင်း သိရသည်။
" အဲဒါက သူတို့ ထုတ်ပြန်တဲ့ဟာပေါ့။ မြေပြင်မှာက အဲထက် ပို များနိုင်တယ်၊ အတိအကျတော့ မသိဘူးပေါ့။ ပြည်သူတွေ ဂရုစိုက်ကြဖို့ ပြောလိုပါတယ်ဗျ။ ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံကြမှာဆိုတာကိုလည်း သဘောပေါက်စေချင်တာပါ။" ဟု ဒေသခံ စေတနာ့ဝန်ထမ်း တစ်ဦးက ပြောသည်။
.
ရှမ်းပြည်နယ် တစ်ခုလုံးတွင်မူ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်ထိ တစ်ပတ်တာ ကာလအတွင်း ၁၄၂၄ ဦး တွေ့ရှိခဲ့သည်ဟု သိရသည်။