တောင်ကြီးမြို့ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ/သား ၁၇ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့သည်ဟု သိရသည်။
.
ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်က ကျောင်းသူ/သား ၅၀ အား စစ်ဆေးစဉ် ၁၇ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
.
တောင်ကြီးမြို့နယ် အတွင်း၌ ယခုရက်ပိုင်းအတွင်း COVID-19 ပိုးရှိသူများ ပြန်လည် တွေ့ရှိလာသည့် အပြင် COVID-19 ဖြင့် သေဆုံးရသူများလည်း ရှိနေကြောင်း သိရသည်။