အာဏာသိမ်း စစ်ကောင်စီတပ်၏ နမ့်စမ်လေတပ်မှ တပ်ကြပ် တစ်ဦး ဖေဖော်ဝါရီ ပထမအပတ်အတွင်းက CDM ပြုလုပ်ခဲ့သည်ဟု ပြည်သူ့ရင်ခွင်က ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်တွင် ထုတ်ပြန်သည်။
.
အဆိုပါ CDM ပြုလုပ်သူမှာ နမ့်စန်လေတပ် စခန်းဌာနချုပ်၊ အမှတ်-၃၅ ကင်းထောက်လေယာဉ်အုပ် ဖစ်တာလေယာဉ် (ကိုယ်ထည်) လုပ်ငန်းမှ တပ်ကြပ် ဝေလ ဖြစ်ပြီး ပြည်သူ့ပန်းတိုင်အဖွဲ့၏ ချိတ်ဆက်ပေးမှုဖြင့် လက်ရှိတွင် လွတ်မြောက်နယ်မြေ၌ ခိုလှုံနေသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
.
" ရိုးသားချင်ယောင် ဆောင်ပြီး မရိုးသားမှုတွေ ကြားထဲမှာ ပြည်သူတွေ ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းကို ပုဒ်မပေါင်း များစွာတတ်ပြီး အတင်းအဓမ္မယူ၊ ရက်စက်စွာ ညည်းပန်းနှိပ်စက်ပြီး သေလောက်တဲ့ထိ အပစ်ပေးတဲ့ တပ်မတော်မှာ မနေချင်လို့ ခုလို CDM ဝင်ရောက်ရခြင်းဖြစ်ပါတယ်။ စစ်ဆေးရင်း သေသွားရင်တောင် ဗျူဟာမှူး အိပ်ရေး ပျက်မှာစိုးလို့ မနက်မှ သတင်းပို့ပါဆိုတာ ကြုံခဲ့ရသေးတယ်ဗျ" ဟု CDM တပ်ကြပ် က ပြည်သူ့ပန်းတိုင်ကို ပြောဆိုခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။