အာဏာသိမ်း စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီး ၃ ဦး ပြည်သူဘက်သို့ ရပ်တည်၍ CDM ပြုလုပ်ခဲ့သည်ဟု သိရသည်။
." CDM ဒုတိယဗိုလ်မှူးကြီး ၂ ဦး ပြည်သူ့ဘက်ရပ်တည်လာပါပြီ။ မင်းအောင်လှိုင် အတွက်တော့ အိပ်မက်ဆိုးပါပဲ။ စာရင်းအရတော့ CDM ဒုတိယဗိုလ်မှူးကြီး ၃ ဦးပါ။ တစ်ဦးကတော့ ဘယ်အဖွဲ့ကိုမှ မဆက်သွယ်ဘဲ ဇာတ်မြှုပ်နေတာပါ။" ဟု CDM ဗိုလ်ကြီး ညီသုတ က ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထုတ်ဖော် ရေးသားထားခြင်း ဖြစိသည်။
.
အဆိုပါ ပြည်သူ့ဘက် ရပ်တည်၍ CDM ပြုလုပ်ခဲ့သူ ဒုတိယဗိုလ်မှူးကြီး များ၏ အသေးစိတ် အချက်အလက်များကိုမူ ၎င်းအနေဖြင့် ထုတ်ဖော် ရေးသားခြင်း မပြုသေးပေ။
.
စစ်တပ်က နိုင်ငံ့ အာဏာကို သိမ်းယူပြီးနောက်ပိုင်း CDM ပြုလုပ်သူများတွင် စစ်ကောင်စီတပ်မှ အရာရှိငယ် အဆင့် ဖြစ်သော ဗိုလ်မှူး အဆင့်ထိသာ ရှိခဲ့ရာ ယခု CDM ပြုလုပ်ခဲ့သူ ဒုတိယဗိုလ်မှူးကြီးများသည် စစ်ကောင်စီတပ်၏ ပထမဆုံး CDM အရာရှိကြီးများ ဖြစ်ကြောင်း သိရသည်။