ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် ရဲစခန်းမှ ရဲတပ်သား တစ်ဦးသည် လက်နက်/ခဲယမ်း အပြည့်အစုံဖြင့် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) နှင့် ကရင်နီပြည်ရဲဌာန (KSP) ထံ ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်က CDM ပြုလုပ်၍ ပူးပေါင်းခဲ့သည်ဟု KDF ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ CDM ရဲတပ်သားမှာ လုပ်သက် ၆ နှစ်ရှိ မောင်စိုးဟိန်းသူ ဖြစ်ပြီး လွိုင်ကော်မြို့မ ရဲစခန်းတွင် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကာ G-3 (BA-63) သေနတ် ၁ လက်၊ ၇ ဒသမ ၆၂ ကျည် ၁၀၄ တောင့်၊ ကျည်အိမ် ၂ ခု နှင့်အတူ CDM ပြုလုပ်လာခြင်း ဖြစ်ကြောင်း သိရသည်။
.
ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများ အနေဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်ပြီး CDM ပါဝင်ကြရန်နှင့် CDM လုပ်ဆောင်ရာတွင်လည်း လက်နက်ကိုပါ တစ်ပါတည်း ယူဆောင်လာကြရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။