တောင်ကြီးဆေးတက္ကသိုလ်မှ CDM များ စုပေါင်း၍ ဒေါ်လာ ၁၀၀၀ တန်ဖိုးရှိ NUG ၏ ငွေတိုက်စာချုပ် ဝယ်ယူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးဆေးတက္ကသိုလ်မှ CDM များ စုပေါင်း၍ ဒေါ်လာ ၁၀၀၀ တန်ဖိုးရှိ NUG ၏ ငွေတိုက်စာချုပ် ဝယ်ယူ


ဆေးတက္ကသိုလ် တောင်ကြီး၊ ယာယီတက္ကသိုလ် ကောင်စီမှ ဦးဆောင်၍ ဆေးက္ကသိုလ် တောင်ကြီးရှိ CDM ဝန်ထမ်းများ၊ CDM ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုပေါင်းပြီး US $ 1000 (ဒေါ်လာ ၁၀၀၀) တန်ဖိုးရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ်ကို ဝယ်ယူခဲ့ကြောင်း သိရသည်။

.

" နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ် ဝယ်ယူရာတွင် ပါဝင် လှူဒါန်းခဲ့သူများကို ကျေးဇူး အထူးတင်ရှိပါသည်။" ဟု ဆေးတက္ကသိုလ် တောင်ကြီး၊ ယာယီတက္ကသိုလ် ကောင်စီက ထုတ်ပြန်ထားသည်။


NUG ၏ နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ်သည် မြန်မာ့နွေဦးတော်လှန်ရေးကို အဆုံးအဖြတ် ပေးနိုင်သော အရာ တစ်ခု ဖြစ်သောကြောင့် မိဘပြည်သူ ကျောင်းသားထုအနေဖြင့် ငွေတိုက်စာချုပ်များကို မဝယ်ရသေးပါက တစ်ဦးချင်းစီ သော်လည်းကောင်း၊ သူငယ်ချင်းများ စုပေါင်း၍ သော်လည်းကောင်း၊ အသင်းအဖွဲ့နှင့် သော်လည်းကောင်း အမြန်ဆုံး ဝယ်ယူကြရန်ကိုလည်း တိုက်တွန်းထားသည်ကို တွေ့ရသည်။

Journal Download

Photo of three cats