ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ် တစ်ဦးသည် လက်နက်/ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့သည်ဟု CDF-Matupi က ယနေ့ ဖေဖော်ဝါရီလ ၆ ရက်တွင် ထုတ်ပြန်သည်။
.
ခမရ (၃၀၄) မှ ဒုတပ်ကြပ် ဆန်းလင်းထွေး သည် စစ်ကောင်စီ လက်အောက်၌ တာဝန် ထမ်းဆောင်လိုခြင်း မရှိသောကြောင့် CDF Matupi တပ်ရင်း (၄) ထံသို့ ဖေဖော်ဝါရီလ ၃ ရက်တွင် အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
.
၎င်းအား ကောင်းမွန်စွာ လက်ခံ၍ လွတ်မြောက်နယ်မြေသို့ ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။