ဖယ်ခုံမြို့နယ်၌ စစ်ကောင်စီတပ်က ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်၊ နံနက် ၈ နာရီခန့်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်၍ အရပ်သား ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။
.
မိုးဗြဲမြို့ အခြေစိုက် ခမရ(၄၂၂)တပ်က ဖယ်ခုံမြို့နယ်ရှိ ကဖုရွာကို လက်နက်ကြီးဖြင့် ၆ ချက် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ကဖုရွာနေ ဦးအန်းဂျေလို (အသက် ၇၂ နှစ်) နှင့် မကယ်ရိုမင်း (အသက် ၁၄ နှစ်) အပြစ်မဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု PDF Pekhon က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ထို့အပြင် ရှမ်း - ကရင်နီ (ကယား) နယ်စပ် ဆောင်ကန်းရွာကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။