ကျိုင်းတုံမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တာချီလိတ်ပြည်သူများက သုဿန်တစ်ခုတွင် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ကျိန်စာတိုက် သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
သုဿန်တစ်ခုရှိ မီးသင်္ဂြိုဟ်သည့် အုတ်ခုံတွင် စစ်ခေါင်းဆောင်၏ ပုံများကို ဖယောင်းတိုင်၊ အမွှေးတိုင်များဖြင့် စီမံပြီး ကျိန်စာတိုက်ခဲ့သည်ဟု သိရသည်။
.
အာဏာသိမ်းစစ်ခေါင်းဆောင်သည် ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကျိုင်းတုံမြို့သို့ ရောက်ရှိနေခြင်း ဖြစ်သည်။