ရန်ကုန်တွင် သပိတ်ကော်မတီ ၃ ဖွဲ့ ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ရန်ကုန်တွင် သပိတ်ကော်မတီ ၃ ဖွဲ့ ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ


ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တစ်နေရာ၌ ကျောင်းသားသမဂ္ဂ ၃ ဖွဲ့ ပူးပေါင်း၍ ယနေ့ ဖေဖော်ဝါရီ ၄ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အဖြစ် နီတဲ့သွေး ရက်သတ္တပတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်၊ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ ၊ တောင်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ တို့ ပူးပေါင်းကာ " ၂၀၀၈ ခြေဥ အခြေပြုသော အတွေးအခေါ်မှန်သမျှ သင်းသတ်ကြ" နှင့် "ကျောက်ပန်းတောင်းမှ ကိုအောင်အောင် စိတ်ဓာတ် ကိုင်စွဲ တိုက်ပွဲဝင်ကြ" စာတန်း နှစ်ခုကို ကိုင်စွဲ၍ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

Link - https://youtu.be/lExnWJUA1KM

Journal Download

Photo of three cats