တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ပါခုတ်နိုကျေးရွာအနီး တာချီလိတ် - ဝမ်ပုံသွား ကားလမ်းပေါ်၌ ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်၊ နံနက်ပိုင်းတွင် ကုန်တင်ယာဥ် တစ်စီး မီးလောင်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ မော်တော်ယာဉ်မှာ သံဖရိန်၊ ဘိလပ်မြေဖျော်အိုး နှင့် ကော်ဇောလိပ်များ တင်ဆောင်လာသည့် ၁၂ ဘီးယာဥ် ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့က သွားရောက် ငြှိမ်းသတ်ခဲ့သည်ဟု သိရသည်။
.
မီးလောင်ရသည့် အကြောင်းအရင်းနှင့် ဆုံးရှုံးမှု အသေးစိတ် အခြေအနေများကိုမူ မသိရသေးပေ။