ရွာငံမြို့နယ်မှ လူငယ် တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်၍ အလောင်း ပြန်မပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ရွာငံမြို့နယ်မှ လူငယ် တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်၍ အလောင်း ပြန်မပေး


ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ရွာငံမြို့နယ်မှ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်၍ အလောင်း ပြန်မပေးကြောင်း ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) ၏ ထုတ်ပြန်ချက်အရ သိရသည်။

.

ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာမှ မောင်ဇင်မင်းခိုင်ကို စစ်‌ကောင်စီတပ်က သေနတ်ဖြင့် အချက်ရေ ၂၀ ကျော်ခန့် ပစ်ခတ် သတ်ဖြတ်ပြီး‌ အလောင်း ပြန်မပေးသည့် အပြင် ရွာတွင်းမှလူငယ် ၃ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားသည်ဟု YUG က ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်၊ ညဦးပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ မောင်ဇင်မင်းခိုင် သည် အသက် ၂၁ နှစ်အရွယ် ရှိပြီး မိသားစုနှင့်အတူ နေထိုင်၍ မိဘအား လုပ်ကျွေးနေသူ တစ်ဦး ဖြစ်ကာ တောခြံမှ အိမ် အပြန်လမ်းတွင် စစ်ကောင်စီတပ်က အနောက်မှ သေနတ်ဖြင့် အချက်ရေ ၂၀ ကျော်ခန့် ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

.

လက်ရှိတွင် မောင်ဇင်မင်းခိုင်၏ ရုပ်အလောင်းကို မိသားစုအား ပြန်မပေးဘဲ နာရေးယာဥ်ဖြင့် ကလောသို့ တင်ဆောင်သွားခဲ့ကြောင်းနှင့် ရွာအတွင်းရှိ လူငယ် ၃ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

.

စစ်ကောင်စီတပ်သည် နွားဘန်းကြီးကျေးရွာ အနောက်ဘက်အခြမ်းရှိ တောင်ယာ စိုက်ထားသော တောင်တန်း တစ်လျှောက်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

Journal Download

Photo of three cats