ရန်ကုန်မြို့၌ ကျောင်းသားများနှင့် လူငယ်များက ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။
.
ရန်ကုန်လူငယ်များက "အကြောက်တရားဖြင့်အုပ်ချုပ်လို့ ရန်ကုန်သားတွေ မဖြုံ" စာတန်း ကိုင်ဆောင်၍ လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် Rangoon Empire (RGE) တို့ ပူးပေါင်း၍ "ဘယ်လို ပုဒ်မ တပ်တပ် တော်လှန်မယ်" စာသားစာတန်း ကိုင်ဆောင်၍ လည်းကောင်း အသီးသီး ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။