ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ စံပြသုံးမိုင် ပါကျဲကျေးရွာ၌ အာဏာသိမ်းစစ်ကောင်စီ တပ်က ယမန်နေ့ ဖေဖော်ဝါရီလ ၁၀ ရက်တွင် အရပ်သားပြည်သူ ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ဟု KNDF ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ယင်းကျေးရွာ အနီး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ပြည်သူ့ နေအိမ်များကို စစ်ကောင်စီဘက်က မီးရှို့ခဲ့ပြီး ပြည်သူ ၂ ဦးကို စစ်၀တ်စုံ ၀တ်ပေး၍ မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု KNDF သတင်းနှင့်ပြန်ကြားရေးဌာနမှ ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲ ဖြစ်ပွားရာ နေရာများတွင် အရပ်သား ပြည်သူ နေအိမ်များအား မီးရှို့ခြင်း၊ အရပ်သား ပြည်သူများကို မီးရှို့သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။