ကျောက်မဲနှင့် သီပေါမြို့နယ်ကြား၌ ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်၊ တစ်ရက်အတွင်း ဒေသခံ ၂ ဦး မိုင်းနင်းမိပြီး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
.
ကျောက်မဲမြို့နယ်၊ ချောင်းချောက်ကျေးရွာအုပ်စု၊ မန်ဆိုင်းကျေးရွာနေ အမျိုးသားတစ်ဦးနှင့် သီပေါမြို့နယ်၊ တွန်ဆောက်ကျေးရွာနေ အမျိုးသမီး တစ်ဦးတို့သည် သီးခြားစီ မိုင်း နင်းမိပြီး ခြေထောက်နှင့် လက်တို့တွင် မိုင်းစထိမှန်၍ ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မိုင်းထိလူနာများကို ဘော်ကြိုပရဟိတက သီပေါဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယင်းဆေးရုံမှ လားရှိုးဆေးရုံသို့ နယ်စည်းမခြားပရဟိတ(သီပေါ)က ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်းနှင့် လက်ရှိတွင် လားရှိုးဆေးရုံ၌ ဆေးကုသမှု ခံယူနေလျက် ရှိကြောင်း သိရသည်။