မြင်းမူမြို့ဝင် တိုးဂိတ်ကို ဒေသကာကွယ်ရေးပူး‌ပေါင်းအဖွဲ့က ဖောက်ခွဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မြင်းမူမြို့ဝင် တိုးဂိတ်ကို ဒေသကာကွယ်ရေးပူး‌ပေါင်းအဖွဲ့က ဖောက်ခွဲ


စစ်ကိုင်းတိုင်း၊ မြင်းမူမြို့အဝင်၌ အခွန်ကောက်နေသည့် တိုးဂိတ်ကို ယနေ့ ဖေဖော်ဝါရီလ ၂ ရက်၊ အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

.

မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူသုံး၍ ဝင်ရောက်တပ်စွဲသည့် လုပ်ရပ်အား တုံ့ပြန်ခြင်းနှင့် ပြည်သူများ၏ ငြိမ်သက်ခြင်းသပိတ်ကို ဂုဏ်ပြုခြင်းဖြင့် အာဏာသိမ်း စစ်ကောင်စီကို အခွန်ငွေဖြင့် ပံ့ပိုးနေသည့် တိုးဂိတ်အား ဖေါက်ခွဲခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 .


အဆိုပါ ဖေါက်ခွဲမှုကို People's Defence Force Myinmu (MMUPDF) က ဦးဆောင်ပြီး Black Eagle Defence Force -MMU ၊ မြင်းမူလျှပ်စီးပျောက်ကြားအဖွဲ့၊ MyinMU Defence Force ၊ မြောင်မြို့နယ် ပြည်သု့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM တို့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Journal Download

Photo of three cats